hacklink satın al betasus casibom maximcasino pashagaming maximcasino instagram ban service onlyfans agency matbet matbet betsat Bangkok Ohnmar
Place Image

Khao Yai Weekly round trip on Thursday

Joint Tour

Per adult฿1,600

Per adult฿1,500

Tour typeJoint Tour

Tour Detail

အပတ်စဉ်ကြာသပတေးနေ့ ခေါင်ရိုင်နေ့ချင်းပြန်ခရီးစဉ်

ခရီးစဉ်တွေက လူပြည့်မှ ထွက်တာမို့ ဖုန်းဆက်ပေးပါရှင့်

ပန်းခင်ပြင်ကျယ်ကြီးတွေနဲ့မှ ဓာတ်ပုံရိုက်ချင်တာဆိုတဲ့ မမတွေသွားသင့်တဲ့ ခရီးစဉ်ကိုပြောပါဆိုရင်

ခေါင်ရိုင်ခရီးစဉ်ပဲဖြစ်ပါလိမ့်မယ် 

ဧကပေါင်းများစွာကျယ်တဲ့ပန်းခင်းကြီးတွေ အီတလီစတိုင်လ်ဆောက်ထားတဲ့

အဆောက်အဦးကြီးတွေဆီကိုဒီတပတ်၁၅ရက်နေ့မှာအလည်သွားကြည့်ရအောင် ....

ဒီခရီးစဉ်မှာမဥမ္မာခေါ်ဆောင်သွားမယ့်နေရာတွေကတော့ 

Hokkaido Flower Park Khaoyai

ဧကများစွာကျယ်တဲ့ပန်းဥယျာဉ်ကြီးထဲမှာ အရောင်အသွေးစုံစုံလင်လင်နဲ့ဝေဝေဆာဆာဖူးပွင့်နေတဲ့

ပန်းခင်းကြီးထဲမှာ ဂျပန်ရိုးရာကီမိုနိုလေးတွေဝတ်ပြီး ပုံရိုက်လို့ရမယ့် ပန်းခင်းလှလှကြီးပါ

 Toscana Valley Khao Yai

အီတလီကိုရောက်သွားသလိုခံစားစေရနိုင်မယ့် Toscana Valleyကိုလည်းသွားရောက်လည်ပတ်ပါမယ်ရှင်

အနောက်တိုင်းဆန်ဆန်ဓာတ်ပုံလှလှလေးတွေရိုက်လို့ရမယ့်နေရာလေးဖြစ်တာမို့ ပုံရိုက်ဖို့အတွက်ကြိုလေ့ကျင့်ထားကြနော်

Luang Pu That

LuAng Pu That ဆရာတော်၏ရုပ်ပွါးတော်ဟာ ထိုင်းဘုရင်များပင်သွားရောက်ဖူးမျှော်ကြသော ရုပ်ပွါးတော်ဖြစ်ပါတယ်

ရွှေဝါရောင်သင်္ကန်းခြုံထားပြီးယခင်ရှိနေပြီးသော ဆင်းတုတော်များထက်နှစ်ဆပိုမိုကြီးမား သည့်ရုပ်ပွါးတော်ဖြစ်ပါတယ်

အမြင့်ပေ 111 မီတာရှိပြီး ကမ္ဘာ့အကြီးဆုံးဟုသတ်မှတ်ခံထား

ရပါသေးတယ်

Chocolate Factory

ဒီဆိုင်လေးကတော့တစ်ဆိုင်လုံးမှာ ချောကလက်တွေနဲ့ပြည့်နှက်နေသောဆိုင်လေးဖြစ်ပြီး

ချောကလက်ချစ်သူများအတွက်အကြိုက်ပါပဲ

ချောကလက်ထုတ်လုပ်ပုံအဆင့်ဆင့်ကိုလည်း လေ့လာနိုင်ဦးမှာဆိုတော့

လမ်းကြုံတုန်းလေး ဝင်ဖြစ်အောင်လိုက်ပို့ပေးမှာပါရှင် 

The Peak Flower Land cafe 

ပန်းအလှမျိုးစုံနဲ့ Decoration လှလှလေးဖန်တီးထားတဲ့ကော်ဖီဆိုင်လေးဖြစ်ပြီး

ဓာတ်ပုံရိုက်ဖို့နဲ့ အပန်းဖြေဖို့အတွက် အထူးသင့်တော်သောနေရာလေးဖြစ်ပါတယ်

နေဝင်ချိန်မှာအလှပဆုံးသောရှူခင်းများကို ကြည့်ရှုနိုင်သောကြောင့်

နေဝင်ချိန်မတိုင်မီသွားကြရမယ့် နေရာလေးဖြစ်ပါတယ်ရှင့် 

ခရီးစဉ် အစအဆုံး အတွက်ပါဝင်သော ဝန်ဆောင်မှုများက တော့

Aircon car 

ဖော်ရွေပြီး သဘောကောင်းတဲ့ မြန်မာဧည့်လမ်းညွှန်

နေ့လည်စာ ကိုလည်းရှယ်ကျွေးပါသေးတယ်နော်

ဖော်ပြပါနေရာတွေများအတွက် ဝင်ကြေး များ

လက်မှတ်များ အပါအကုန်လုံးအပြီးအစီးကိုမှ 

Adult -1600 ฿

Child - 1500฿ ပဲကျသင့်မှာဘဲဖြစ်ပါတယ်ရှင့်

စိတ်ဝင်စားလို့ လိုက်ပါမယ့်သူများအနေနဲ့ အခုပဲစာရင်းပေးလို့ရပါပြီရှင့်

စထွက်မည့် အချိန် - မနက် 7:00-7:30 am

ပြန်ရောက်မည့် အချိန် - ည 8:00 pm